PiCkthEsUN
Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Monday, April 23, 2018
ဘယ်တော့မှ ရှိမလာမယ့် အောင်မြင်ခြင်းမျိုးဆက်သို့
Tuesday, December 12, 2017
ညနေ ၃နာရီ အဆိပ်ပင်ကို ရေလောင်းရန်ဂျူတီ
Wednesday, March 8, 2017
ရာသီအမြဲလာနေတဲ့ စိတ်ဓာတ်တွေ
Tuesday, August 9, 2016
မိုးဇက်အိမ်ခဏပြန်လာတော့ဒီစာကိုအိမ်တံခါးကြားထဲညှပ်ထားခဲ့တယ် (ဝါ) ထွီး ရော့ ခင်ဗျား အကြွေ၅၂၈ကျပ်
Tuesday, August 11, 2015
ရာဇဂြိုလ် ဆိုင်းဘုတ်ရှေ့မှာ ခွေးဟောင်နေတယ်
ကျမ က နှမ်းဆီ ပါ မောင်
ကောင်းကင် အနီ
Friday, January 9, 2015
စိတ်သံခွာ
မျက်နှာပေါ်က အလွှာတု ကိုခွာမိတယ်
ရုပ်များဟာ ငါ့တိတ်ဆိတ်တဲ့ မျက်လုံးတွေထဲ ယိုယွင်းလို့
စကားသံဟာ ငါ့ရုပ်ကိုမြင်တော့ ကြောက်ရွံ့တုန်လှုပ်
ပရိတ်ရေတွေ ပလုပ်ကျင်းထုတ်လိုက်မှ ရောဂါဟာ ထခုန်တယ်
မှော်ဝန်းမှာ အသံကုန်သွားတဲ့ ဝိဉာဉ်တွေ အတိတ်မြစ်ထဲ သောင်းထွန်းလို့
ငါ့လှေဦးမှာ ခွစီးထားတဲ့ အရိပ်တွေကြောင့် ငါ့မြင်ကွင်းတွေ တိမ်ကွယ်လို့မှိုင်းညှို့
အခြားတစ်ဖက်မှာ ပျော်မြူးနေတဲ့ လူ့သတ္တဝါ ဆိုင်းဗုံတွေ
ငါ့မြစ်ရေကိုလှိုင်းထန်လို့ အတွင်းသဏ္ဍာန်ကိုများပြောင်းချင်ကြသလား
စိတ်ကူးထဲမှာ စည်းချထားတဲ့အသိဉာဏ်နဲ့ ငါ့ဖြစ်တည်ခြင်းကိုဖျောက်ပြစ်ကြသလား
မသေနိုင်တော့တဲ့ ကြယ်စုတွေထဲ နားတွေ ရုပ်တွေ မျက်နှာတွေနဲ့ စိတ်ဝိဉာဉ်တွေ
နာမ်တွေ မကုန်နိုင်တော့တဲ့ ကြယ်စင်အခန်းအနားတွေရဲ့ အဝေးမှာ
ငါ့ကိုယ်ငါ မှုတ်ထုတ်လိုက်လို့မှ ငါမထွက်လာတဲ့ အသက်ငွေ့အိမ်ထဲ
သန့်သန့်ရှင်းရှင်း မုသားတွေ ကျစ်ကျစ်ပါအောင် လိပ်ထားရတယ်
အိပ်မက်က လန့်နိုးဖို့ ကြိုးစားတိုင်း အိပ်မက်တွေဆွဲယူထားလို့
ငါ့ဘဝအိပ်စက်ခြင်းထဲမှာ ငါကပိတ်ကားပေါ်ပြေးတက်လာတဲ့ မီးစကလေးပါပဲ
ငါ့အိပ်မက်တွေနဲ့ ငါမီးလောင် ငါ့အိပ်စက်ခြင်းတွေ ငါမီးလောင် ငါ့အိပ်ယာထဲမှာ ငါမီးလောင်
ခွာသံပြင်းပြင်းနဲ့ ဘလောင်ဆန်နေတဲ့ ရုပ်ရောနာမ်ရော တည်ငြိမ်တဲ့ အသံနဲ့
အဖြူရောင်အဆိပ်သင့်ဇီဇဝါပွင့်ချပ်တွေ ငါ့ကိုယ်ပေါ်က ကြွေကျနေကြတယ်
နဖူးပေါ်မှာ ပြက်လုံးတွေတင်ပြီး ဆံပင်တွေရှည်လာတဲ့ ဘဝတည်ဆောက်မှုပုံသဏ္ဍာန်
မာဃကျမ်းစာထဲက လူ့သတ္တဝါ တီးလုံးကို ရေရှည်ခံဖို့ ထုတ်ပိုးမှုပုံသဏ္ဍာန်
သူလည်းမဟုတ် ငါလဲမဟုတ် စိတ်မာယာတွေ စာချုပ်ချုပ်ကြတဲ့ နောင်တပုံသဏ္ဍာန်
ဒါတွေမြင်နေရတဲ့ ငါ့ဦးခေါင်းအထက်က အသံနဲ့ ငါ့မျက်နှာအစစ်အမှန်ကို
ဘယ်ပင်လယ် ဘယ်နံရံ ဘယ်သဏ္ဍာန်နဲ့ အပ်ထားချင်တဲ့ ဆန္ဒတွေလဲ
အနာဂတ်က လူ့အမဲရောင်တွေ မမြင် မကြား မနာခင် စိတ်သံခွာကို
အတွင်းသားထဲ ဆူဆူညံအောင် တီးခတ်ထားလိုက်တယ်
Friday, November 7, 2014
နိုဝင်ဘာ တေမိ
မောင်းနေတဲ့ရထားကို လ ကမ္ဘာပေါ်မှာရပ်ထား
အဲဒီ့မှာလူကြုံတင်ခဲ့တဲ့ မျက်ရည်တွေ
ဇီဇဝါပွင့်နဲ့ရောပြီးအခင်းလိုက်ကိုပွင့်ထား
နွေးထွေးတဲ့အမုန်းတွေနဲ့
ကြီးကြီးတက်ချစ်ခဲ့တဲ့အချိန်တွေဖြုန်းပြီး
နိုဝင်ဘာနဲ့မဆန့်တော့တဲ့ ရင်ဘူတာကိုလဲဖွင့်ထား
မျက်ခုံးပေါ်မှာ အနက်တွေသာဆိုးမထားဘူးဆိုရင်
လက်တစ်ဖက်ကိုဆွဲပြီး ကမ္ဘာ့အတွင်းသားထဲက
အနီလွှာကိုဖောက်ထုတ်လာခဲ့မယ် ဆိုထား
ပြာမှုံထဲက ရထားဟာ မိုင်ကုန်တင်လို့
ပြာပုံထဲမှာပဲ တရကြမ်းမှောင်းနှင်ထား
ဓာတုဗေဒနဲ့ပြုလုပ်ထားတဲ့ခန္ဓာပေါ်မှာ
မေတ္တာအတုတွေဝယ်ပြီး
စိတ်သစ္စာနဲ့ မောင်းနှင်ထား
သံယောဇဉ်ယက်လုပ်ထားတဲ့စကားနဲ့
ဘယ်ဂြိုလ်ကမ္ဘာပေါ်ကအမုန်းတရားကို
အတ္တရဲ့အူတိုင်တည့်တည့်မှာပဲငြင်းထားခုံထား
ပြသထားတဲ့ဇာတ်လမ်းတွေကုန်တော့
လာလာဟပ်တဲ့ အပူတွေထဲအဲဒီ့အပူနဲ့အပူကို
မိုင်ပေါင်းသောင်းချီအောင်ရှည်ထား
အေးချမ်းသာယာမှုနဲ့သိမ်မွေ့နူးညံ့မှုတွေ
စာရေးဆရာလွယ်အိတ်ထဲက ထွက်လာတဲ့အခါ
ဘူတာရုံကြီးပိတ်ချိန်ရောက်ရောက်လာတဲ့ရထား
ပြောစရာတွေကုန်တော့တူးစရာတွေလိုက်ရှာ
အပိုင်းအစတွေကြားမှာ မင်္ဂလာတီးလုံးနဲ့
ရီဝေေ၀အမုန်းတွေစားသုံးပြီး
အသံတိတ်ပျက်လုံးကိုပဲအကြိမ်ကြိမ်ရစ်မူးထား

